"Success begins today—let EXACT Smart Business Management Software guide your way!"
ဒီနေ့ ခေတ်ကြီးမှာ နည်းပညာတွေရဲ့ တိုးတက်မှုဟာ ပို ပိုပြီး မြန်ဆန်စွာတိုးတက်လာတာနဲ့အမျှ .. နည်းပညာ အသုံးပြုသူနဲ့ နည်းပညာ အသုံးမပြုသူကြားမှာ လုပ်ငန်းအချက်အလက် တိကျခိုင်မာမှု (Exact Data) ၊ နေ့စဉ် အလုပ်ပြီးမြောက်မှု (Daily Work Done)၊ လုပ်ငန်းအောင်မြင်မှု (Achieving Success) ၊ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်မှု (Sustaining Success) ၊ ဆက်လက်လုပ်ဆောင်မဲ့ နှစ်ရှည် အစီအစဉ်ဆွဲနိုင်မှု(Master Plan) စတဲ့ ( EDASM ) အချက်တွေမှာ သိသိသာသာ ကွာဟလာပါတယ်။ နည်းပညာအသုံးပြုတယ်လို့ဆိုရာမှာ လက်ရှိ ကျွန်တော်တို့နဲ့ နေ့စဉ်ထိတွေ့သုံးစွဲနေတဲ့ Tiktop, Facebook , Telegram , Instagram စတဲ့ Application တွေလဲ ပါဝင်ပေမဲ့ Social Based Application တွေဖြစ်တာကြောင့် ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ဒွန်တွဲနေတာမို့ Google Map လို Utility Application ထက်စာရင် ဆိုးကျိုးတွေက ပိုများပြားတာကို တွေ့ရနိုင်ပါတယ်။ သူတို့ဟာ လုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းကို အထောက်အကူပြုနိုင်တယ် ဆိုပေမဲ့ လုပ်ငန်းတစ်ခုလုံးရဲ့ ( EDASM ) ရရှိအောင်တော့ အထောက်အကူ မပြုနိုင်တာမို့ ကျွန်တော်တို့လုပ်ငန်းတွေ အောင်မြင်ဖို့ ၊အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အတွက် Business Management Software(BMS) , Point Of Sale(POS) Software တွေဟာ မရှိမဖြစ်လိုအပ်လာပါတော့တယ်။Business Management Software တွေကပဲ လုပ်ငန်းတွေရဲ့ အောင်မြင်မှုကို ၁၀၀ % ယူဆောင်ပေးနိုင်ပါလိမ့်မယ်။
နေ့စဉ်ထည့်သွင်းနေရတဲ့ စာရင်းဇယားနဲ့ ပတ်သက်လို့ ဘောက်ချာဖွင့်ခြင်း ၊ ငွေ ဝင်/ထွက် စာရင်း ၊ ပစ္စည်းဝင်ထွက် စာရင်း မှတ်ခြင်း၊ ပြန်လည်ဖတ်ရှုရန် လိုအပ်သော လုပ်ငန်းအချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများရှာရခြင်း၊ ဖိုင်တွဲရခြင်း၊ စာရင်းများမှန်ကန်မှု ရှိ/မရှိ စစ်ဆေးရခြင်း စတာတွေအတွက် တစ်ရက်မှာ (၃) နာရီလောက် အချိန်ပေးရတာမို့ .. SBMS software ကို သုံးမယ်ဆိုရင်တော့ ဘောက်ချာဖွင့်ခြင်း ၊ ဝင်ငွေထွက်ငွေ ၊ ပစ္စည်းဝင်ထွက် စာရင်းများကို ၁ ကြိမ်ရိုက်ထည့်ရုံဖြင့် ..အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်ခြင်း ( ရက်ချုပ်၊လချုပ်၊နှစ်ချုပ် စာရင်များအတွက် ထပ်မံ ရိုက်ထည့်ရန်မလိုအပ်ခြင်း)။ ရက်ချုပ်စာရင်းကိုသာ နေ့စဉ်မှန်ကန်အောင် စစ်ဆေး၊အတည်ပြု ရန်လိုအပ်ပြီး လချုပ်စာရင်း၊ နှစ်ချုပ်စာရင်းများအား မှန်ကန်မှု ရှိ/မရှိ ပြန်လည်စစ်ဆေးရန် မလိုအပ်သောကြောင့် အချိန်ကုန်သက်သာခြင်း။
စာရွက်စာတမ်းဖိုင်များသည် ထိမ်းသိမ်းရသဖြင့် အလုပ်ရှုတ်ခြင်း၊ ပြန်လည်ရှာဖွေ၍ လိုအပ်သောစာရင်း ပြုစုရန် အချိန်ပေးရခြင်း ၊ ပျက်စီးလွယ်ခြင်းတို့ကြောင့် Digital Accounting System ကို ပြောင်းလဲအသုံးပြုသင့်ခြင်း။